မြောက်ဦးမှာပေါ့။ ၂၀၁၇ တုန်းက။ ရှစ်သောင်းဘုရား ဘေးလမ်းကြားထဲက တောင်ကုန်းတစ်ခုပေါ်မယ် ပန်းချီဆရာက ပုံရေး၊ ကိုယ်က ဟိုချောင်ဒီချောင် အပင်တွေကြား လျှောက်သွား။
ခဏနေတော့ စိတ်ကူးရတယ်။ ပုံရေးနေတာကို ဖုန်းနဲ့ တစ်မိနစ်စာ ဗီဒီယို ရိုက်မယ်၊ စက်နဲ့ Edit ပြန်မလုပ်ဘူး၊ ဖုန်းနဲ့ပဲ တစ်ဘရိတ်တည်း ဆက်တိုက်ရိုက်မယ်ပေါ့။ ဒါနဲ့ပဲ ရိုက် Pause ရိုက် Pause လုပ်ပြီး ရိုက်တာ။
အဝေးရုပ်လိုချင်ရင် အဝေးကိုသွား၊ စက္ကန့်ပိုင်းရိုက်၊ ပြီးတော့ ကင်မရာကို Pause လုပ်၊ သူ့နားကို ဒရောသောပါးပြေး၊ သူ့ကို အနီးကပ် ထပ်ရိုက်၊ Pause ထပ်လုပ်။ ဒါမျိုးပေါ့။ ဆိုင်းထိုးတာလေး လိုချင်လို့ ကင်မရာကို Pause လုပ်ထားပြီး ထိုင်စောင့်လိုက်ရသေး။
ဆိုင်းထိုးတာကို အနီးကပ်ရိုက်အပြီး စေတီနောက်ခံနဲ့ ထပ်ရိုက်ဖို့လုပ်တော့ ဘဲကြီးက ထိုးပြီးသွားပြီ။
ဒါနဲ့ "မဖြစ်ဘူးဗျ နည်းနည်းဖြစ်ဖြစ် ဟန်ဆောင်ပြ.. ဒါလေးပါမှ လှမှာ" ဆိုတော့ ခမျာမှာ ဆိုင်းထိုးလေဟန် သရုပ်ဆောင်ပြရရှာတယ်။